back

မြန်မာငလျင်ကြောင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

Apr 04 • 1:44 PM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာငလျင်ကြောင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် တရုတ်နိုင်ငံသား ၅ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ်သံရုံးမှ အတည်ပြုလိုက်ပါတယ်။ ဧပြီ ၄ ရ...

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် တရုတ်နိုင်ငံသား ၅ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ်သံရုံးမှ အတည်ပြုလိုက်ပါတယ်။ ဧပြီ ၄ ရက် မနက် ၁၁ နာရီ ထိရထားတဲ့စာရင်းဖြစ်ပြီး ဘယ်နေရာမှာ သေဆုံးခဲ့တာလဲဆိုတာနဲ့ ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ်ကိုတော့ သတင်းမှာဖော်ပြခြင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က မန္တလေးနဲ့၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူတွေထောင်နဲ့ချီ သေဆုံးခဲ့တာမှာ  တရုတ်နိုင်ငံသားတွေလည်း ပါဝင်သွားတာဖြစ်ပါတယ်။



news-view-count-icon

12