back

မြန်မာ့ငလျင်ဘေး Quad က ဒေါ်လာ သန်း ၂၀ ထောက်ပံ့မည်

Apr 04 • 12:57 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ငလျင်ဘေး Quad က ဒေါ်လာ သန်း ၂၀ ထောက်ပံ့မည်

မြန်မာနိုင်ငံတွင် ပြင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူလူထုများ အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Qua...

မြန်မာနိုင်ငံတွင် ပြင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူလူထုများ အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Quad ကနေ အမေရိကန် ဒေါ်လာ သန်း ၂၀ ကူညီထောက်ပံ့ပေးသွားမည်ဟု ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။Quad တွင် အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်၊ အိန္ဒိယ စသည့် လေးနိုင်ငံစုစည်း၍ ဖွဲစည်းထားသော မဟာမိတ် အဖွဲ့ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် Quad အဖွဲ့ဝင် အိန္ဒိယနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့များနှင့် ပိတ်မိ နေသော ပြည်သူများ ကယ်ဆယ်ရေးလုပ်ပေးမည့်အဖွဲ့များကို စေလွှတ်၍ မြန်မာငလျင်ဘေးကို ထောက်ပံ့ကူညီ လျက်ရှိသည်။တခြားသော နိုင်ငံများဖြစ်သည့် ရုရှား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ ဘူတန်၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ‌ဟောင် ကောင် တို့ကလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ ပိတ်မိနေသူများ ကယ်ထုတ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်လျက်ရှိသည်။



news-view-count-icon

15