ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက် ပံ့ပေးအပ်ခဲ့သည်။ညောင်ရွှေမြို့နယ်အတွင်းက မြောင်းဝကြီးကျေးရွာ၊ အိုင်ထောင့်ကြီးကျေးရွာ၊ မိုင်းသောက်ကျေးရွာမှ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ဧပြီ ၄ ရက်က စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်။ထောက်ပံ့ပေးသော စားနပ်ရိက္ခာများမှာ ဆန်အိတ် ၂၅၃ အိတ်၊ စားဆီ တစ်လီတာဗူး ၅၀၀ ဗူး၊ ကြက်ဥ အလုံး ၃၆၀ ပါ ၃၁ ဖာ တို့ဖြစ်သည်။ ထိုစားနပ်ရိက္ခာများ၏ တန်ဖိုးမှာ ၃၂,၂၅၀,၀၀၀ (သိန်း ၃၀၀ ကျော်) ရှိသည်။



