back

ပြည်တွင်းငလျင်ဒဏ်ကြုံရသည့် အိမ်ခြေနည်း အင်းလေးကန်ရှိ ကုန့်ကယ်ရွာနှင့် ဟန်ချို့ရွာတို့ယနေ့ထိ အကူညီမရရှိသေး

Apr 04 • 8:08 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ပြည်တွင်းငလျင်ဒဏ်ကြုံရသည့် အိမ်ခြေနည်း အင်းလေးကန်ရှိ ကုန့်ကယ်ရွာနှင့် ဟန်ချို့ရွာတို့ယနေ့ထိ အကူညီမရရှိသေး

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်များကြောင့် လူနေအိမ်များထိခိုက်ပျက်စီးမှုများထဲမှ အိမ်ခြေနည်းသည့် ကုန့်ကယ်ရွာနှင့် ဟန်ချို့ရွာ၌ အကူညီများ မရရှိသေးကြောင...

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်များကြောင့် လူနေအိမ်များထိခိုက်ပျက်စီးမှုများထဲမှ အိမ်ခြေနည်းသည့် ကုန့်ကယ်ရွာနှင့် ဟန်ချို့ရွာ၌ အကူညီများ မရရှိသေးကြောင်းသိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၌ မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အင်းလေးဒေသ ကုန့်ကယ်ရွာနှင့် ဟန်ချို့ ရွာတို့တွင်လည်းနေအိမ်ထိခိုက်ပျက်စီးပြီး အကူအညီများ လိုအပ်နေကြောင်းသိရပါတယ်။နန်းပန်ကျေးရွာအုပ်စု၌ ကြာတော၊ ရေလယ်၊ ပေါက်ပါး ကျေးရွာတို့ကိုအများဆုံးသိကြပြီး ကုန့်ကယ်ရွာသည် အလိုတော်ပေါက်ဘုရား၏ အရှေ့ရွာဖြစ်ပြီး အိမ်ခြေ ၅၈ အိမ်တွင် ၁အိမ်ပျက်စီး၊ ၁၃ အိမ်လူမနေ၊ ကျန်အိမ် ယိုင်စောင်း၍ နေမရ၊ အိမ်ထောင်စု (၇၃) စုရှိအိမ်ခြေ ၄၁ အိမ် သာရှိသည့် အင်းပေါခုံကျေးရွာအုပ်စု၏ ဟန်ချို့ရွာသည် အိမ်ခြေ ၂၀ ပျက်စီး၊ ၁၅အိမ် ယိုင်စောင်းသွားကြောင်းနှင့် အိမ်ထောင်စု (၅၂)စု၊ လူဦးရေ (၁၇၉)ဦး ရှိကြပြီးအဓ်ိကကတော့ ရေနဲ့အစားအသောက်ပေါ့၊ အလှူရှင်တွေက ရေကြီးတုန်းကတည်းက ဒီဘက်မရောက်ဘူးဗျာ၊ မနေ့ကတော့ ရေသန့်အလှူသမားတော့ လာတယ်ဗျာ”ဟု ပြောပါတယ်။



news-view-count-icon

12