ဧပြီလ ၃ ရက်နေ့ ၁၇နာရီ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလောမြို့နယ်၊ ရေယောင်းမကျေးရွာအနီးတွင် ကျော်စိုးဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် သူရမျိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်စိုးဦး(၃၂)နှစ်နှင့် သူရမျိုး(၄၁)နှစ်တို့အား ကလောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။
Apr 04 • 8:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


