ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက ရုရှားကို ကမ္ဘာ့ဘောလုံးလောကထဲ မကြာမီ ပြန်လည် ဝင်ရောက်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ဘယ်လ်ဂရိတ်မှာ ပြုလုပ်တဲ့ ၄၉ ကြိမ်မြောက် UEFA ကွန်ဂရက်မှာ ပြောခဲ့ပါတယ်။ အင်ဖန်တီနိုက “ယူကရိန်းမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ ဆက်လုပ်နေတာကြောင့် ကျနော်တို့ဟာ မကြာမီ နောက်ထပ် စာမျက်နှာကို ရွှေ့နိုင်ပြီး ဘောလုံးအခင်းအကျင်းထဲ ရုရှားကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုရင် ဒါဟာ အားလုံးပြေလည်သွားပြီလို့ ဆိုလိုချင်တာပါ။ ဒါကို ကျနော်တို့ ဝမ်းသာရမှာဖြစ်ပြီး ဆုလည်းတောင်းရမှာပါ။ ဘာလို့လဲဆိုရင် ဒါက ဘောလုံးအကြောင်း ဖြစ်နေလို့ပါ ”လို့ ပြောခဲ့ တာပါ။ 
Apr 04 • 7:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


