back

တောင်ကိုရီးယားသမ္မတ ရာထူးမှ ဖယ်ရှားခံရ

Apr 04 • 7:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

တောင်ကိုရီးယားသမ္မတ ရာထူးမှ ဖယ်ရှားခံရ

တောင်ကိုရီးယားနိုင်ငံတွင် စွပ်စွဲပြစ်တင်ခံခဲ့ရသည့် သမ္မတယွန်းဆော့ယိုကို အခြေခံဥပဒေဆိုင်ရာခုံရုံးက ဧပြီ ၄ ရက်တွင် ရာထူးမှဖယ်ရှားလိုက်သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော...

တောင်ကိုရီးယားနိုင်ငံတွင် စွပ်စွဲပြစ်တင်ခံခဲ့ရသည့် သမ္မတယွန်းဆော့ယိုကို အခြေခံဥပဒေဆိုင်ရာခုံရုံးက ဧပြီ ၄ ရက်တွင် ရာထူးမှဖယ်ရှားလိုက်သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။ ယွန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီး လွှတ်တော်က အဆိုပါစစ်အုပ်ချုပ်ရေးအမိန့်ကို နာရီပိုင်းအတွင်း မဲခွဲပြီး ပယ်ချခဲ့သည်။ ထို့နောက်ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး လွှတ်တော်က ၎င်းက စွပ်စွဲပြစ်တင်ခဲ့ကာ သမ္မတတာဝန်များမှ ဆိုင်းငံ့ခဲ့သည်။

news-view-count-icon

12