back

ဖူးခက် အာဏာပိုင်တွေက ဆုန်ခရန် ပွဲတော်မှာ ပစ်ကပ် ထရပ်ကားနဲ့ လည်မယ့် သူတွေအတွက် စည်းမျဉ်းတွေ ထုတ်ပြန်

Apr 04 • 7:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖူးခက် အာဏာပိုင်တွေက ဆုန်ခရန် ပွဲတော်မှာ ပစ်ကပ် ထရပ်ကားနဲ့ လည်မယ့် သူတွေအတွက် စည်းမျဉ်းတွေ ထုတ်ပြန်

ဖူးခက် အာဏာပိုင်တွေက ဆုန်ခရန် ပွဲတော်မှာ အများပြည်သူ ဘေးကင်းစေဖို့ စီမံချက်တွေနဲ့ လုပ်ဆောင်နေကြပါတယ်။ ဖူးခက် ပြည်နယ် အများပြည်သူ ဆက်ဆံရေး ရုံးက “ Safe Songkran:...

ဖူးခက် အာဏာပိုင်တွေက ဆုန်ခရန် ပွဲတော်မှာ အများပြည်သူ ဘေးကင်းစေဖို့ စီမံချက်တွေနဲ့ လုပ်ဆောင်နေကြပါတယ်။ ဖူးခက် ပြည်နယ် အများပြည်သူ ဆက်ဆံရေး ရုံးက “ Safe Songkran: Sit Smart in the Back of a Pickup” Campaign ကို ကြေညာလိုက်ပြီး ပစ်ကပ် ထရပ်ကားတွေနဲ့ လည်မယ့် သူတွေအတွက် စည်းမျဉ်းတွေကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ စည်းမျဉ်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ ယာဉ်မောင်းနဲ့ အရှေ့မှာ ထိုင်သူတွေဟာ ခါးပတ် အမြဲပတ်ထားရမှာ ဖြစ်ပါတယ်။

အသက် ၆ နှစ်အောက် ကလေးတွေနဲ့ အရပ် ၁၃၅ စင်တီမီတာအောက် ကလေးတွေဟာ ကား အနောက်ဘက်မှာ မလိုက်ပါရပါဘူး။ အနောက်ဘက်မှာ အများဆုံး လူ ၆ ယောက်ပဲ လိုက်ပါရမှာ ဖြစ်ပါတယ်။ ကားဘေးဘက်က ဘောင်တွေပေါ်မှာ မထိုင်ရပါဘူး။ နေရာကျဉ်းကျဉ်းလေးထဲမှာ လူ ၃ ယောက်ထက် ပိုမထိုင်ရပါဘူး။ ကား အနောက်ဘက်မှာ မတ်တပ်ရပ်တာကို တားမြစ်ထားပါတယ်။ အနောက်ဘက်မှာ ခရီးသည်တွေ သယ်ဆောင်လာတဲ့ ယာဉ်မောင်းတွေဟာ လမ်းရဲ့ ဘယ်ဘက်အခြမ်းကနေ မောင်းနှင်ရမှာ ဖြစ်ပြီး တစ်နာရီကို ၆၀ ကီလိုမီတာ အထိပဲ အမြန်နှုန်းကို ကန့်သတ်ထားပါတယ်။

news-view-count-icon

12