back

မန္တလေးငလျင်ပျက်စီးမှု အကဲဖြတ်ဖို့ Microsoft AI နည်းပညာ အသုံးပြု

Apr 04 • 7:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန္တလေးငလျင်ပျက်စီးမှု အကဲဖြတ်ဖို့ Microsoft AI နည်းပညာ အသုံးပြု

မန္တလေးငလျင် ပျက်စီးဆုံးရှုံးမှုအခြေအနေကို အကဲဖြတ်ရာမှာ Microsoft က ဂြိုဟ်တုဓာတ်ပုံများနှင့် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ Microsoft ရဲ...

မန္တလေးငလျင် ပျက်စီးဆုံးရှုံးမှုအခြေအနေကို အကဲဖြတ်ရာမှာ Microsoft က ဂြိုဟ်တုဓာတ်ပုံများနှင့် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ Microsoft ရဲ့ AI for Good Lab အဖွဲ့က AI နည်းပညာ သုံးပြီး ဘယ်နေရာမှာ အဆောက်အဦဘယ်လောက် ပြိုကျပျက်စီးခဲ့တယ်/ဘယ်နေရာတွေက အပျက်အစီးများတယ်ဆိုတာ ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်သိအောင် Planet Labs ဂြိုလ်တုကနေ ဓါတ်ပုံတွေ ရိုက်တာပါ။ Microsoft ရဲ့ ငလျင်ဘေး ပျက်စီးမှုဆန်းစစ်ချက်ဟာ အစပိုင်းမှာ တိမ်တွေကြောင့် အခက်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ Microsoft ရဲ့ AI for Good Lab အဖွဲ့က အရင်ကလည်း ဒါမျိုး AI နည်းပညာနဲ့ ထိခိုက်ပျက်စီးမှု ကြည့်ပေးတာတွေ လုပ်ဖူးပါတယ်။ ဥပမာ - ၂၀၂၃ လစ်ဗျား ရေကြီးမှုနဲ့ အခုနှစ် LA တောမီးဘေးတွေမှာပါ။ မန္တလေးငလျင်ဘေးအပျက်အစီးကြည့်ဖို့အတွက်တော့ AI ကွန်ပျူတာအမြင်အာရုံမော်ဒယ်ကို ပြန် customize တည်ဆောက်ခဲ့ရတယ်လို့ ဆိုပါတယ်။


news-view-count-icon

11