၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်သည့် ငလျင်ကြောင့် ဘေလီသံဘောင် သစ်သားကြမ်းခင်း တံတားမှာ "S" ပုံစံအဖြစ် သံဘောင်က အစ ပြောင်းလဲသွားသော်လည်း ဧပြီလ(၃)ရက်နေ့ နေ့လည်ပိုင်းအထိ ကားနှင့်ဆိုင်ကယ် အပါအဝင် လူအချို့ ဖြတ်သန်းသွားလာနေဆဲ ဖြစ်ကြောင်း သိရကာနေပြည်တော်၊ ပျဉ်းမနားမြို့ ဘောဂဝတီရပ်ကွက်အတွင်း ဗိုလ်ချုပ်လမ်း နှင့် ရာဇဌာနီသွားရာ လမ်းအကြားတွင် ရှိသည့် ဘေလီသံဘောင် သစ်သားကြမ်းခင်း တံတားမှာ ငလျင််ဒဏ်ကြောင့် "S"ပုံစံ ဖြစ်သွားသော်လည်း သွားလာမှုများ ဆက်လက် ရှိနေဆဲဖြစ်၍ လက်ရှိ တံတား၏ အခြေအနေအရ အန္တရာယ်ရှိနိုင်သည့်အတွက် တံတားပေါ်ကနေ ဖြတ်သန်းသွားလာမှုကို သက်ဆိုင်ရာများက ဧပြီလ(၄)ရက်နေ့ ညနေပိုင်းတွင် တားမြစ်ထားလိုက်ပါတယ်။ယခုအခါမှာ ငလျင်ဒဏ်ခံလိုက်ရသည့် တံတားတွင် ပေါ်တွင် လုံးဝ ဖြတ်သန်း သွားလာခြင်း မပြုလုပ်ရန် အသိပေးထားခြင်း ဖြစ်ပါတယ် ။
နေပြည်တော်၊ ပျဉ်းမနားမြို့ အတွင်း ဗိုလ်ချုပ်လမ်း နှင့် ရာဇဌာနီသွားရာ လမ်းအကြားတွင် ရှိသည့် ဘေလီသံဘောင် သစ်သားငလျင်ကြောင့် "S"ပုံစံ ဖြစ်သွားကာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲ
Apr 04 • 2:41 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


