မြန်မာ့ငလျင်ဘေး ကူညီရေးအတွက် ကွပ်ဒ်အဖွဲ့ လေးနိုင်ငံဖြစ်တဲ့ အမေရိကန် ၊ ဂျပန် ၊ ဩစတြေးလျနဲ့ အိန္ဒိယ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတွေဟာ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ကြပြီးနောက် ဧပြီ ၄ ရက်မှာ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကတိကဝတ်တွေနဲ့ မြန်မာ့ငလျင် ပျက်စီးဆုံးရှုံးမှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွးခဲ့ကြပါတယ်။ ကွပ်ဒ်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ရည်ရွည်ချက်အမျိုးမျိုးနဲ့ ထောက်ပံ့မှုတွေကို ပေးအပ်သွားမှာဖြစ်ပြီး အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Apr 04 • 2:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


