ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ အရှေ့ဘက်ခြမ်း မိုင်းသောက်ကျေးရွာရှိ Myanmar Treasure Resort ဟိုတယ်တွင်ယနေ့ ဧပြီ ၃ရက် ညနေ ၅ နာရီခန့်က တောမီးမှတဆင့် ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မီးမငြိမ်းသတ်နိုင်သေးကြောင်း သိရပါတယ်။ယင်းဟိုတယ်သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခြင်းမရှိသည့်အတွက် ဆက်လက်ဖွင့်လှည့်ထားပြီး တည်းခိုသည့် ခရီးသွားဧည့်သည်များ ရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။


