back

ငလျင်ကြောင့် မန္တလေး-စစ်ကိုင်းကားလမ်းပိုင်းက နေရာတချို့ပျက်စီးပြီး ယာဥ်ကြောကြန့်ကြာမှု ကြုံတွေ့နေ

Apr 03 • 2:54 PM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ကြောင့် မန္တလေး-စစ်ကိုင်းကားလမ်းပိုင်းက နေရာတချို့ပျက်စီးပြီး ယာဥ်ကြောကြန့်ကြာမှု ကြုံတွေ့နေ

ငလျင်ကြောင့် မန္တလေးမြို့မှစစ်ကိုင်းမြို့သို့သွားရာ ကားလမ်းပိုင်းတစ်ချို့ပျက်စီးခဲ့ပြီး စစ်ကိုင်းတံတား အနီး နေ့စဥ်ယာဥ်ကြောကြန့်ကြာမှုတို့ဖြင့်ကြုံတွေ့နေရကြောင်း...

ငလျင်ကြောင့် မန္တလေးမြို့မှစစ်ကိုင်းမြို့သို့သွားရာ ကားလမ်းပိုင်းတစ်ချို့ပျက်စီးခဲ့ပြီး စစ်ကိုင်းတံတား အနီး နေ့စဥ်ယာဥ်ကြောကြန့်ကြာမှုတို့ဖြင့်ကြုံတွေ့နေရကြောင်း သိရသည်။မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ဆက်သွယ်ရာလမ်းကြောင်းနှစ်ခုအနက် မန္တလေးကမ်းနား လမ်းပိုင်း ရှိ ရွှေဂဲရေထိန်းတံတားအနီးတွင် ဆိုးဆိုးရွားရွားပျက်စီးနေခြင်းဖြစ်သည်။အဆိုပါလမ်းပိုင်းပျက်စီးမှုကြောင့် စစ်ကိုင်း-မန္တလေးကားလမ်းပိုင်း စစ်ကိုင်းတံတားအနီးတွင် ယာဥ်ကြော ပိတ်ဆိုမှုနေ့စဥ်ဖြစ်ပွါးနေပြီး ယာဥ်ကြောကြန့်ကြာမှုကြောင့် ကုန်စည်စီးဆင်းမှုပါထိခိုက်နေကြောင်းသိရသည်။




news-view-count-icon

16