ပါကစ္စတန်နိုင်ငံသည် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်သင့် ဒုက္ခသည်များကို ထောက်ပံ့ရန်အတွက် မြန်မာနိုင်ငံသို့ အရေးပေါ်ကယ်ဆယ်ရေး အကူအညီ တန်ချိန် ၇၀ ပေးပို့ခဲ့ပြီးNDMA က ညှိနှိုင်းဆောင်ရွက်သော ကယ်ဆယ်ရေး လုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်သည့် စင်းလုံးငှား လေယာဉ်နှစ်စင်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်ပစ္စည်း (၃၅) တန် တင်ဆောင်ထားသည့် ဘိုးရင်း (၇၅၇) ၏ ပထမဆုံးသော လေကြောင်း ခရီးစဉ်သည် အစ္စလာမာဘတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း NDMA က ပြောကြားခဲ့သလိုအဆိုပါလေယာဉ်သယ်ဆောင်လာသော ကယ်ဆယ်ရေးပစ္စည်းများတွင် ရွက်ဖျင်တဲ (၅၆၅) လုံး၊ တာပေါ်လင် (၂၁၀) ၊ စောင် (၂,၀၀၀)၊ အသင့်စားအစားအစာ (၁)တန်၊ ဆေးဝါး တန်တစ်ဝက်နှင့် ရေသန့်စင်စက် (၁၀) ခု ပါဝင်ပါတယ်။
Apr 03 • 6:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


