back

ပြည်တွင်း၌ တစ်ပတ်အတွင်း နောက်ဆက်တွဲငလျင် အကြိမ် ၆၀ ကျော်လှုပ်ခတ်ခဲ့

Apr 03 • 6:04 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ တစ်ပတ်အတွင်း နောက်ဆက်တွဲငလျင် အကြိမ် ၆၀ ကျော်လှုပ်ခတ်ခဲ့

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် နေ့လယ်က အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်အပါအဝင် ဧပြီလ ၃ ရက် မနက် ၁၀ နာရီအထိ နောက်ဆက်ငလျင် ၆၅ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ ဇ...

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် နေ့လယ်က အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်အပါအဝင် ဧပြီလ ၃ ရက် မနက် ၁၀ နာရီအထိ နောက်ဆက်ငလျင် ၆၅ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။နောက်ဆက်တွဲငလျင်တွေဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ အဓိကလှုပ်ခတ်ခဲ့တာဖြစ်ပြီး ရစ်ချ်တာစကေး အမြင့်ဆုံး ၇ ဒသမ ၅ ကနေ ၂ ဒသမ ၈ အထိ အသီးသီးရှိကြရာ ထုတ်ပြန်ချက်တွေအရ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ဧပြီလ ၂ ရက် ညနေအထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၀၀၃ ဦး၊ ဒဏ်ရာရသူ ၄၅၁၅ ဦးနဲ့ ပျောက်ဆုံးသူ ၃၅၁ ဦးအထိ ရှိနေပါတယ်။



news-view-count-icon

17