ယနေ့ဧပြီလ(၃)ရက်နေ့ နံနက် (၁၀)နာရီ (၀၂)မိနစ် (၄၆)စက္ကန့်အချိန်က တောင်ငူမြို့၏ အနောက်တောင်ဘက်(၁)မိုင်ခန့်၊ အနက်(၁၀)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။မြန်မာစံတော်ချိန် (၁၀)နာရီ (၄၂)မိနစ် (၁၈)စက္ကန့် အချိန်တွင်လည်း တောင်ငူမြို့၏ အနောက်မြောက်ဘက်(၁၀)မိုင်ခန့်၊ အနက်(၁၀)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၂)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။



