back

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ရှိမင်္ဂလာဆောင်အိမ်တွင် ငလျင်ကြောင့် အိမ်ပြိုကျစဥ်ကလေးငယ်ကိုကာပြီး ကယ်သည့်အမျိုးသမီးသေဆုံး

Apr 03 • 4:45 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ရှိမင်္ဂလာဆောင်အိမ်တွင် ငလျင်ကြောင့် အိမ်ပြိုကျစဥ်ကလေးငယ်ကိုကာပြီး ကယ်သည့်အမျိုးသမီးသေဆုံး

မင်္ဂလာဆောင်အိမ်ရောက်စဉ် ငလျင်လှုပ်ပြီးအိမ်ပြိုကျမှုအတွင်း ကလေးငယ်ကိုကာပြီး ကယ်သည့် ဝါးရန်ရွာနေ အသက် ၄၉ နှစ်အရွယ် မွိုးစောသည် ဆေးကုသနေရင်း သေဆုံးသွားကြောင်းသိရပ...

မင်္ဂလာဆောင်အိမ်ရောက်စဉ် ငလျင်လှုပ်ပြီးအိမ်ပြိုကျမှုအတွင်း ကလေးငယ်ကိုကာပြီး ကယ်သည့် ဝါးရန်ရွာနေ အသက် ၄၉ နှစ်အရွယ် မွိုးစောသည် ဆေးကုသနေရင်း သေဆုံးသွားကြောင်းသိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်သောငလျင်ကြောင့် အိမ်ပြိုကျမှုအတွင်း ကလေးငယ်ကို ကာရင်း ကယ်သည့် မွိုးစောသည် မတ်လ ၃၁ ရက်နေ့တွင် ဆေးကုသနေရင်း သေဆုံးခဲ့ရခြင်းလည်းဖြစ်ပါတယ်။သေဆုံးသွားသော မွိုးစောကို ဧပြီလ၂ ရက်နေ့တွင် ပအိုဝ်းဓလေ့အတိုင်း အလှူလုပ်၊တရားတော်နာ အမျှဝေပြီး ဝါးရန်ရွာသုဿာန်တွင် သဂြိုလ်ခဲ့ကာမတ်လ၂၈ ရက်နေ့ လှုပ်ခတ်သောငလျင်ကြောင့် ပင်လောင်းမြို့နယ် နန်းပန်းရွာ မူကြိုကျောင်း ပြိုကျပြီး ကျောင်းပြိုကျမှုအတွင်း နန်းပန်မြှောက်ရွာ ကလေးငယ်တစ်ဦးနှင့် ဘူးဝါးရွာ ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပါသေးတယ်။


news-view-count-icon

19