Asian Development Bank (ADB) က မြန်မာ့ ငလျင်ဘေး ကူညီရေးအတွက် ဒေါ်လာ 3 သန်း လှူဒါန်းမယ့်အကြောင်း ဧပြီလ၂ရက်က တရားဝင် ကြေငြာလိုက်ပါတယ်။ အဲဒီလို လှူဒါန်းရာမှာ ကုလသမဂ္ဂ ရဲ့ World Food Programme (WFP) ကနေ တဆင့် လှူဒါန်းမှာဖြစ်ရာလတ်တလော လိုအပ်နေတဲ့ အစားသောက်တွေ ၊ သောက်သုံးရေ ၊ ယာယီနေထိုင်စရာ နဲ့ ဆေးဝါးကူညီမှုတွေ ပေးနိုင်ဖို့ အဓိက အာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်ပြီးတစ်ချိန်တည်းမှာ ADB ရဲ့ အရှေ့တောင်အာရှ ညွှန်ကြားရေးမှုးချုပ် Winfried Wicklein က " ငလျင်ရဲ့ နောက်ဆက်တွဲ ရိုတ်ခတ်လာမယ့် အကျိုးဆက်တွေကို ပိုပြီး စိုးရိမ်မိပါတယ်။ ဒါကြောင့် ဒေါ်လာ ၃ သန်းကို ချက်ခြင်း လှူလိုက်တာဖြစ်ကာ နောက်ထပ် အခြေနေတွေပေါ်မူတည်ပြီး ဆက်လက် ထောက်ပံ့မှုတွေ ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်" လို့ ပြောဆိုသွားခဲ့ ပါတယ်။



