အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ နွေရာသီမှာ ပရီးမီးယားလိဂ်ထံ ပြန်လာမယ့်အလားအလာကို ပယ်ချခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။ ဟာရီကိန်းက “ကျနော်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အလွန်ပျော်ရွှင် နေပါတယ်။ ကျနော်ဟာ အကောင်းဆုံးအခြေအနေမှာရှိနေတယ်လို့ ခံစားရပြီး အမြင့်ဆုံး အဆင့်မှာပဲ ကစားချင် ပါတယ်။ ဘောလုံးဟာ အချိန်တိုအတွင်း အများကြီးပြောင်းလဲသွားနိုင်ပေမယ့် ကျနော်ရဲ့အာရုံစူးစိုက်မှုက ဒီမှာပဲ ရှိပါတယ်။ အခြားလိဂ်နဲ့ အခြားအသင်းတွေအကြောင်းမတွေးပါဘူး” လို့ ပြောခဲ့တာပါ။



