ငလျင်ဒဏ်ကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တံတား နဲ့ လမ်းအချို့ ပျက်စီးမှုတွေကို ပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ရာ ဧပြီ ၅ ရက်ကစပြီး ရန်ကုန်ကနေ နေပြည်တော်ထိ ယာဉ်ငယ်တွေ ဖြတ်သန်း သွားလာခွင့် ပြုမှာ ဖြစ်ပြီး မိုင်တိုင် ၁၄၅ နဲ့ ၁၆၅ မိုင် ဆွာချောင်းတံတားတို့မှာ တံတားအဝင်လမ်း နိမ့်ကျတာတွေ တံတားတိုင် ယိုင်တာတွေ ဖြစ်ပေါ် ခဲ့တာ ရှိတဲ့အတွက် ပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ပြီး ဆွာချောင်းတံတား နေရာမှာတော့ ယာယီဘေလီ တံတား ထိုးခဲ့တာ ဖြစ်ပါတယ်။နေပြည်တော်ကနေ အမြန်လမ်း မိုင်တိုင် ၃၅၂ မိုင်ထိ ဖြတ်သန်းသွားလာလို့ ရပြီးတော့ အဲဒီကနေ ၃၆၅ မိုင် ၃ ဖာလုံကြား ဖြတ်သန်း သွားလာခွင့်ကတော့လတ်တလော ပိတ်ထားမှာ ဖြစ်တယ်လို့လည်း သိရပါသည်။



