မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့ရှိ အဆောက်အဦးများထဲ ပိတ်မိနေသူများ၊သေဆုံးသူများနဲ့ ပြိုကျပျက်စီးမှုများအတွက် ကချင်ပြည်နယ်က ကယ်ဆယ်ရေးအင်အား(၆၀)ခန့်ကလည်း လာရောက်ကူညီမှုများပြုလုပ်နေတယ်လို့ သိရပါတယ်။ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့၊တနိုင်းမြို၊ဖားကန့်မြို့နယ်၊မိုးကောင်းမြို့နယ်က နမ္မတီး၊ပင်းဘော၊မိုးညှင်းမြို့နယ်က ဟိုပင်မြို့တို့ရှိ ကယ်ဆယ်ရေးအဖွဲ့များအခုလို ကယ်ဆယ်မှုများလာရောက်တာဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့အစည်းထံမှ သိရပါတယ်။



