မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် ဩစတြေးလျနိုင်ငံက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီအကူအညီတွေထဲမှာ အစားအစာ၊ ရေနဲ့ သန့်ရှင်းရေး၊ အရေးပေါ်ကျန်းမာရေး နဲ့ ပညာရေး တို့အတွက် သြစတြေးလျ NGO တွေနဲ့ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေကတဆင့် ဒေါ်လာ ၃ သန်းခွဲ၊ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ အရေးပေါ် တောင်းခံမှုအတွက် ဒေါ်လာ ၅ သိန်းနဲ့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးအပ်ရေး ညှိနှိင်းမှုဗဟိုဌာန (AHA CENTRE) က တဆင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေအတွက် ဒေါ်လာ ၃ သန်း ပါဝင်ပါတယ်။



