back

ရီးယဲလ်က အာနိုးကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားတယ်လို့ သတင်းထွက်ပေါ်

Mar 25 • 9:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရီးယဲလ်က အာနိုးကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားတယ်လို့ သတင်းထွက်ပေါ်

လီဗာပူးလ်အသင်းရဲ့ အင်္ဂလန် ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးက နွေဈေးကွက်မှာ ရီးယဲလ် မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖို့အတွက်နဲ့ (၅)နှစ်သက်တမ်းရှိတဲ့ စာခ...

လီဗာပူးလ်အသင်းရဲ့ အင်္ဂလန် ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးက နွေဈေးကွက်မှာ ရီးယဲလ် မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖို့အတွက်နဲ့ (၅)နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖို့အတွက်ပါ သဘောတူညီလိုက်ပြီလို့ Sky Sports ဆွစ်ဇာလန်က သတင်းထောက် တာဗိုလီယာရီက ဖော်ပြလာခဲ့ပါတယ်။ လီဗာပူးလ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး လီဗာပူးလ်အတွက် အဓိက ကစားသမားတစ်ဦးထိပါ ဖြစ်လာခဲ့တဲ့ အာနိုးဟာ ဒီဘောလုံးရာသီအကုန်မှာပဲ လီဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ထက် အသင်းကနေ အလွတ်နဲ့ ထွက်ခွာသွားဖို့သာ အခြေအနေများလို့နေပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ အာနိုးဟာ ဥရောပအင်အားကြီး ကလပ်အသင်း ရီးယဲလ် မက်ဒရစ်နဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်လို့ထားပြီး ရီးယဲလ်က အသင်းရဲ့ ညာခြမ်းခံစစ်နေရာအတွက် အာနိုးလို ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးကို အသင်းဆီ သေချာပေါက် အရ ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။ အခုလည်း Sky Sport Switzerland ရဲ့ သတင်းထောက်ဖြစ်သူ တာဗိုလီယာရီက ရီးယဲလ်အသင်းဟာ အာနိုးကို နွေရာသီမှာ (၅)နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိထားနိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။ တာဗိုလီယာရီရဲ့ ဖော်ပြချက်ထဲမှာ အာနိုးက ရီးယဲလ်အသင်းမှာ တစ်ပတ်လုပ်ခအဖြစ် ပေါင် (၂၄၀,၀၀၀)အထိ ရရှိလိမ့်မယ်လို့လည်း သိရပါတယ်။




news-view-count-icon

28