back

အမေရိကန်နှင့်တိုက်ရိုက်မဟုတ်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန်အသင့်ရှိဟု အီရန်ပြော

Mar 25 • 9:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်နှင့်တိုက်ရိုက်မဟုတ်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန်အသင့်ရှိဟု အီရန်ပြော

အီရန်နိုင်ငံအနေဖြင့် အမေရိကန်နှင့်တိုက်ရိုက်မဟုတ်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် အသင့်ရှိ သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရက်ချီက မတ်လ ၂၄ ရက်တွင်...

အီရန်နိုင်ငံအနေဖြင့် အမေရိကန်နှင့်တိုက်ရိုက်မဟုတ်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် အသင့်ရှိ သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရက်ချီက မတ်လ ၂၄ ရက်တွင် ပြောကြားလိုက်သည်။ အီရန် နိုင်ငံ၏မူဝါဒသည် နိုင်ငံအပေါ်ပိတ်ဆို့မှုများနှင့်ဖိအားပေးမှုများ လုပ်ဆောင်နေစဉ်အတွင်း အမေရိကန်နှင့်တိုက်ရိုက် စေ့စပ်ဆွေးနွေးမည်မဟုတ်ကြောင်း၊ အမေရိကန်အစိုးရ က အီရန်အပေါ်ထားရှိသည့် ချဉ်းကပ်လုပ်ဆောင်မှု မပြောင်းလဲသရွေ့ နိုင်ငံ၏မူဝါဒမှာ ပြောင်းလဲမည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရက်ချီ က SNN ရုပ်သံဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားသည်။


news-view-count-icon

20