မတ်လ ၂၂ ရက် ည ၈ နာရီဝန်းကျင်တွင်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ သက္ကယ်ကုန်းအုပ်စု၊ ပြာဿကျေးရွာရှိ လယ်ထဲတွင် အရက်သောက်ပြီး မူးနေသည့် အမျိုးသားဖြစ်သူကို ဇနီးမှ မီးရှို့ခဲ့ကြောင်း သိရပါတယ်။ အရက်မူးနေသည့် အမျိုးသားကို ဇနီးမှ မီးရှို့ရာ မီးလောင်ဒဏ်ရာများဖြင့် အမျိုးသားဖြစ်သူထွက်ပြေးရင်း ကျေးရွာသားများနှင့် တွေ့ဆုံပြီး မီးလောင် ဒဏ်ရာများရရှိသည့် အမျိုးသားကို အင်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။ထိုမီးရှို့ခံရသည့် အမျိုးသားမှာ အသက်(၃၇) နှစ်အရွယ် တင်မောင်ဆွေဖြစ်ပြီး၊ မီးရှို့ခံရမှုကြောင့် ရင်ဘက်၊ နောက်ကျော၊ တင်ပါးနှင့် ခြေထောက်တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းကို မီးရှို့သည့် ဇနီးမှာ အသက် (၄၅) နှစ်အရွယ် မစန္ဒာဖြစ်ကြောင်း သိရသလိုအဆိုပါ ကျူးလွန်သူအမျိုးသမီးကို အင်ပင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားပါတယ်။


