မနေ့ည (မတ်လ ၂၄) မြန်မာစံတော်ချိန် ၁၁:၅၅ နာရီခန့်တွင် ရန်ကုန်မြို့အနောက်တောင်ဘက် ၂၈ မိုင် (ကွမ်းခြံကုန်းအနောက်မြောက် ၅ မိုင်ကျော်) အကွာရှိ မြစ်ဝကျွန်းပေါ်ဒေသတွင် မြေအောက်အနက် ၆ မိုင်မှ မဂ္ဂနီကျု ၄.၂ အဆင့် မြေငလျင်ငယ် တစ်ခု လှုပ်ရှားသွားခဲ့သည်။လက်ရှိအခြေအနေအရ ထိခိုက်မှုများ မတွေ့ရှိသေးဘဲ၊ အာဏာပိုင်များမှ ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။



