back

တောင်ကိုရီးယား လုပ်ငန်းစုကြီး ဟွန်ဒိုင်းသည် အမေရိကန်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်းကြေညာ

Mar 25 • 4:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

တောင်ကိုရီးယား လုပ်ငန်းစုကြီး ဟွန်ဒိုင်းသည် အမေရိကန်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်းကြေညာ

တောင်ကိုရီးယား လုပ်ငန်းစုကြီး ဟွန်ဒိုင်းသည် အမေရိကန်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း တနင်္လာနေ့ (မတ် ၂၄)တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရ...

တောင်ကိုရီးယား လုပ်ငန်းစုကြီး ဟွန်ဒိုင်းသည် အမေရိကန်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း တနင်္လာနေ့ (မတ် ၂၄)တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဟွန်ဒိုင်း ဥက္ကဋ္ဌ Euisun Chung နှင့် လူဝီစီယားနားပြည်နယ်အုပ်ချုပ်ရေးမှူး Jeff Landry တို့က အိမ်ဖြူတော်၌ ကြေညာသည်။ ဟွန်ဒိုင်းသည် ၎င်းကန်ဒေါ်လာ ၂၀ ဘီလီယံမှ ၅ ဘီလီကို အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်တွင် တနှစ်လျှင် သံမဏိတန်ချိန် ၂.၇ သန်း ထုတ်လုပ်မည့် သံမဏိစက်ရုံအသစ် တရုံကို တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမည်။သံမဏိစက်ရုံသစ်တွင် အလုပ်အကိုင် ၁,၅၀၀ ဝန်းကျင် ရှိမည်။ နောက်မျိုးဆက်သစ် သံမဏိကို ထုတ်လုပ်မည်။ ၎င်းသံမဏိများကို အမေရိကန်ရှိ ဟွန်ဒိုင်း အီးဗီစက်ရုံ ၂ ခုတွင် ကားထုတ်လုပ်ရာ၌ သုံးစွဲမည်။


news-view-count-icon

14