သင်္ကြန်ရေကစားမဏ္ဍပ်တည်ဆောက်လိုသူများ မတ် ၂၅ မှ ဧပြီ ၇ အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားနိုင်မည်။ လျှောက်လွှာတွင် ခရိုင်၊ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ ထောက်ခံချက်များ ပါဝင်ရမည်။ မဏ္ဍပ်နေရာချထားမှုနှင့် ကြံ့ခိုင်မှုစစ်ဆေးရေးကော်မတီ၏ သုံးသပ်ချက်အပေါ်အခြေခံ၍ ရန်ကုန်တိုင်းအစိုးရ၏ ခွင့်ပြုချက် ရမှသာ ဆောက်လုပ်ခွင့်ရမည်ဟု သိရသည်။



