မှော်ဘီ သဲဖြူတောရ ဆရာတော်ကြီး၏ ဩဝါဒကိုခံယူပြီး ရှင်အပါး (၅,၅၀၀) လှည့်လည်မှုကြောင့် ဧပြီ ၂ ရက်တွင် အနောက်ရွှေဂုံတိုင်လမ်း၊ အာဇာနည်လမ်း၊ ဦးဝီစာရလမ်း တို့ကို ခေတ္တပိတ်မည်။ ထို့ပြင် ဧပြီ ၆ ရက် ဆွမ်းဆန်တော်လှူပွဲ ကျင်းပစဉ် ပြည်လမ်းအချို့ကို မနက် ၅ နာရီမှ အခမ်းအနားပြီးစီးချိန်ထိ ခေတ္တပိတ်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ထုတ်ပြန်သည်။



