လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကို ယခုနှစ်၏ အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊ ကဏ္ဍဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ ထုတ်လုပ်မှုနှင့် ဘဏ္ဍာငွေလျာထားချက်များပေါ် အခြေခံပြီး ဂျီဒီပီတိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်း၊ နှစ်အလိုက်ဈေးနှုန်းအရ တန်ဖိုးအားဖြင့် ငွေကျပ် ၁၇၁,၄၉၈ ဒသမ ၁ ဘီလျံရရှိနိုင်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။



