မန်ယူအသင်းသည် မာဆေးလ်အသင်းထံ ရောင်းထုတ်ထားသည့် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်၏ အပြောင်းအရွှေ့မှ ပေါင်(၁၅)သန်းထပ်ရရန် မျှော်လင့်နေကြောင်း သိရသည်။ မန်ယူအသင်းသည် မာဆေးလ်အသင်းအနေဖြင့် ဂရင်းဝုဒ်ကို အခြားအသင်းတစ်သင်းထံ ရောင်းချခဲ့ပါက အဆိုပါပြောင်းရွှေ့ကြေး၏ (၅၀%) ရရှိမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသည့်အတွက် ယခုကဲ့သို့ မျှော်လင့်နေကြောင်း သိရသည်။ မာဆေးလ်အသင်းတွင် ပုံစံကောင်းပြနေသည့် ဂရင်းဝုဒ်ကို PSG၊ ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေပြီး လက်ရှိတွင် ဂရင်းဝုဒ်အနေဖြင့် မာဆေးလ်နည်းပြ ဒီဇယ်ဘီနှင့် အဆင်မပြေဖြစ်နေသည့်အတွက် ပေါင်သန်း(၃၀)ဝန်းကျင်ဖြင့် အပြောင်းအရွှေ့ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများရှိနေသည်။
Mar 25 • 2:58 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


