သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ မြင့်မြတ်၊ စည်သူဝင်း၊ ဘုန်းမင်းနေလ၊ အကယ်ဒမီ အေးမြတ်သူ၊ သံသာ ညီ၊ ဆင်မ၊ ထူးခြား၊ စန်းယု၊ ပုပ္ပါး၊ မာန်ဆက်လူ၊ သင်္ချာစိုးအောင်၊ ဒေါ်ခင်အုန်းမြင့်၊ ဝိုင်းဇေခန့် စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။လှိုင်သာယာမှာပြုလုပ်တဲ့ ဖြစ်ရပ်မှန်ကိုအခြေခံ ဒရာမာဇာတ်လမ်းပုံစံ “မြေစာ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Showကိုမတ်လ၂၄ရက်နေ့ကရန်ကုန်တွင်ပြုလုပ်ခဲ့ကာ"မြေစာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မတ်လ ၂၈ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။



