အမေရိကနှင့်ရုရှားတို့သည် ယူကရိန်းအရေးနှင့် ပင်လယ်နက်သဘောတူညီချက်ကို ပိုမိုတိကျစွာအတည်မပြုမီဆော်ဒီအာရေဗျ၌ဆွေးနွေးပွဲအသစ်ထပ်မံပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။ ရုရှားနှင့်ေတွ့ဆုံဆွေးနွေးမှုကို တနင်္ဂနွေနေ့က ဆော်ဒီ၌ ယူကရိန်းနှင့်အမေရိကတို့၏တွေ့ဆုံမှုအပြီးတွင် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ပြီးခဲ့သည့်သီတင်းပတ်ကလည်း အမေရိကန်သမ္မတထရမ့်ပ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့ကိုအင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်ဟုသိရသည်။အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးကောင်စီမှ အကြီးတန်းညွှန်ကြားရေးမှူး အန်ဒရူးပိခ်နှင့် နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိ မိုက်ကယ်အန်တန်တို့က ဦးဆောင်ခြင်းဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။



