back

ဥပဒေ အသိပညာ ဖြန့်ဝေခြင်း ဆင့်ပွါးသင်တန်းကိုနေပြည်တော်၌ ဖွင့်လှစ်

Mar 25 • 1:22 AM

breaking-news

မြန်မာ

နေပြည်တော်

cover

ဥပဒေ အသိပညာ ဖြန့်ဝေခြင်း ဆင့်ပွါးသင်တန်းကိုနေပြည်တော်၌ ဖွင့်လှစ်

မတ် ၂၄ ရက်တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း အမှတ်စဉ် (၃) ဖွင့်ပွဲ...

မတ် ၂၄ ရက်တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း အမှတ်စဉ် (၃) ဖွင့်ပွဲကို ကျင်းပခဲ့သည်။ သင်တန်းသို့ ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဒေါက်တာက သင်တန်းသားများအနေဖြင့် ဥပဒေအသိပညာများကို တိတိကျကျ လိုက်နာနိုင်ရေး ကြိုးစားသင်ယူကြရန် တိုက်တွန်းပြောကြားခဲ့သည်။ သင်တန်းတွင် ဥပဒေ (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စီးပွားရေးစာချုပ်စာတမ်း ချုပ်ဆိုခြင်းဆိုင်ရာ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ Contract Business Laws စသည့် ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး၊ ဧပြီ ၇ ရက်အထိ နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။


news-view-count-icon

14