back

မွန်မှာ စက်သုံးဆီဆိုင်အများစု စက်သုံးဆီတကျော့ပြန် ပြတ်လပ်နေ

Jul 18 • 1:02 AM

breaking-news

Myanmar

Mon

breaking-news
cover

မွန်မှာ စက်သုံးဆီဆိုင်အများစု စက်သုံးဆီတကျော့ပြန် ပြတ်လပ်နေ

မွန်ပြည်နယ်ရဲ့ မြို့နယ် အများစုမှာ စက်သုံးဆီဆိုင်တွေမှာ ဇူလိုင်လ တတိယပတ်က စတင်ကာ စက်သုံးဆီ တကျော့ပြန် ပြတ်လပ်မှုတွေနဲ့ ပြန်လည် ကြုံတွေ့ နေရတယ်လို့ ဒေသခံတွေက ပြေ...

မွန်ပြည်နယ်ရဲ့ မြို့နယ် အများစုမှာ စက်သုံးဆီဆိုင်တွေမှာ ဇူလိုင်လ တတိယပတ်က စတင်ကာ စက်သုံးဆီ တကျော့ပြန် ပြတ်လပ်မှုတွေနဲ့ ပြန်လည် ကြုံတွေ့ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့ အပါအဝင် ပေါင်၊ သထုံ၊ မုဒုံနဲ့ တခြား မြို့နယ်တွေမှာလည်း စက်သုံးဆီဆိုင် အများစုမှာ အောက်တိန်း အမျိုးအစား (၉၂)နဲ့ (၉၅) ဓာတ်ဆီတွေအပြင် ပရီမီယံ အမျိုးအစား ဒီဇယ်ဆီတွေက အစ ပြတ်လပ်နေတာဖြစ်ကာလက်ရှိ စက်သုံးဆီ ဈေးနှုန်း အနည်းငယ် ပြန်လည် ကျဆင်းလာပေမယ့် စက်သုံးဆီဆိုင် အများစုမှာတော့ စက်သုံးဆီ ပြတ်လပ်နေတဲ့အတွက် အရင်လို စုံ၊ မ သတ်မှတ်ချက်အတိုင်း ရောင်းချပေးတာ မရှိဘဲ အရောင်းပိတ်ထားတာ ဖြစ်ပါတယ်။သထုံမြို့ ဒေသခံ တစ်ဦးကတော့ လက်ရှိ သထုံမြို့မှာ စက်သုံးဆီ မရှိတဲ့အတွက် စက်သုံးဆီဆိုင်တိုင်းနီးပါး ပိတ်ထားကြသလို စက်သုံးဆီ ဝယ်ယူလို့ မရတာကြောင့် အခက်အခဲ အကျပ်အတည်း ဖြစ်နေပါတယ်။ဒေသတွင်းမှာတော့ စက်သုံးဆီကို မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းကနေ တင်ဒါ အောင်မြင်ထားတဲ့ Myanmar Energy King ကုမ္ပဏီနဲ့ Ya Zar Min Industry ကုမ္ပဏီတို့က တင်သွင်း ဖြန့်ဖြူးနေတာပါ။မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မတ်လ ပထမပတ်က စတင်ကာ စက်သုံးဆီကို လိုသလောက် ဝယ်ယူလို့ မရဘဲ အကန့်အသတ်နဲ့သာ ဝယ်ယူလို့ ရတာ၊ မကြာခဏ စက်သုံးဆီ ပြတ်လပ်တာအပြင် တခြား ပြည်နယ်နဲ့ တိုင်းတွေထက် ဈေးနှုန်း ကြီးမြင့်မှုတွေကိုပါ ကြုံနေရတာ ဖြစ်ပါတယ်။


news-view-count-icon

49