Google သည် ၎င်းတို့၏ အထင်ကရ AI Model သစ်ဖြစ်သော Gemini 3.5 Pro ကို စွမ်းဆောင်ရည်မြှင့်တင်ရန်၊ ကုန်ကျစရိတ်လျှော့ချရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးချဲ့ရန် လုပ်ဆောင်နေဆဲဖြစ်သဖြင့် မူလက ဇွန်လအတွင်း စတင်ဖြန့်ချိရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်အထိ ရွှေ့ဆိုင်းထားရကြောင်း Channel News Asia သတင်းတွင် ဖော်ပြထားသည်။ AI နည်းပညာနယ်ပယ်၌ ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် ယခုကဲ့သို့ ဈေးကွက်တင်ရန် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လာပြီးနောက် Google ၏ မိခင်ကုမ္ပဏီဖြစ်သော Alphabet ၏ ရှယ်ယာတန်ဖိုးများသည် ၃ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
Gemini 3.5 Pro ဖြန့်ချိရန် Google နှောင့်နှေးနေမှုကြောင့် မိခင်ကုမ္ပဏီ Alphabet ၏ ရှယ်ယာတန်ဖိုးများ ကျဆင်း
Jul 17 • 10:56 AM
Myanmar
International
Share
| 22 | 0 | 0 | 0 |


