back

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြနေမှုကြောင့် (၉) ကြိမ်မြောက် Ballon d'Or ဆုရရှိရန် မက်ဆီ ရေပန်းအစားဆုံးဖြစ်လာ

Jul 17 • 9:22 AM

breaking-news

Myanmar

International

cover

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြနေမှုကြောင့် (၉) ကြိမ်မြောက် Ballon d'Or ဆုရရှိရန် မက်ဆီ ရေပန်းအစားဆုံးဖြစ်လာ

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုး (၈) ဂိုးနှင့် ဖန်တီးမှု (၄) ကြိမ်ပြုလုပ်ကာ အသင်းကို ဗိုလ်လုပွဲသို့ ရောက်ရှိအောင် အဓ...

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုး (၈) ဂိုးနှင့် ဖန်တီးမှု (၄) ကြိမ်ပြုလုပ်ကာ အသင်းကို ဗိုလ်လုပွဲသို့ ရောက်ရှိအောင် အဓိကစွမ်းဆောင်ပေးထားနိုင်မှုကြောင့် ၎င်း၏ ကစားသမားဘဝ (၉) ကြိမ်မြောက် Ballon d'Or ဆုကို ရရှိရန် ထိပ်ဆုံးမှ ရေပန်းစားလာကြောင်း သိရသည်။ လာမည့် အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပမည့် ၂၀၂၆ Ballon d'Or ဆုအတွက် အကဲဖြတ်ကာလမှာ ၂၀၂၅ ဩဂုတ် ၁ ရက်မှ ၂၀၂၆ ဇူလိုင် ၃၁ ရက်အထိဖြစ်ရာ ယခုကမ္ဘာ့ဖလားပြိုင်ပွဲ၏ စွမ်းဆောင်ရည်များကိုပါ အဓိက ထည့်သွင်းတွက်ချက်မည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ကမ္ဘာ့ဖလားအကောင်းဆုံးကစားသမားဆုအတွက်ပါ ရေပန်းစားနေသည့် မက်ဆီသည် Ballon d'Or ဆုရရှိရန်အတွက်ပါ ဟာရီကိန်း၊ အမ်ဘာပေ၊ ယမားလ်နှင့် ရိုဒရီတို့ထက် သတ်မှတ်ကြေးအသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

20