back

အောင်ပန်းကုန်စိမ်းဈေးကွက်၌ ခရမ်းချဉ်၊ ရွှေပဲနှင့် ကြက်သွန်နီ ဈေးကောင်းရနေပြီး မုံညှင်းဈေး ဆက်လက်ကျဆင်းနေ

Jul 17 • 9:21 AM

breaking-news

Myanmar

Shan

cover

အောင်ပန်းကုန်စိမ်းဈေးကွက်၌ ခရမ်းချဉ်၊ ရွှေပဲနှင့် ကြက်သွန်နီ ဈေးကောင်းရနေပြီး မုံညှင်းဈေး ဆက်လက်ကျဆင်းနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၏ ဇူလိုင် ၁၆ ရက် ကုန်စိမ်းဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လာမှုကြောင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂,၀၀၀ ကျပ်မှ ၂,၅၀၀ ကျပ်၊ ရွှ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၏ ဇူလိုင် ၁၆ ရက် ကုန်စိမ်းဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လာမှုကြောင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂,၀၀၀ ကျပ်မှ ၂,၅၀၀ ကျပ်၊ ရွှေပဲရှယ်တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်အထိ ဈေးမာလာပြီး ကြက်သွန်နီအသစ်မှာလည်း တစ်ပိဿာလျှင် ၄,၀၀၀ ကျပ်မှ ၅,၃၀၀ ကျပ်အထိ ပေါက်ဈေးရှိကာ ဈေးကောင်းရရှိလာကြောင်း သိရသည်။ အာလူးနှင့် ဒညှင်းသီးတို့မှာ ဈေးနှုန်းတည်ငြိမ်နေပြီး ပန်းပွင့်၊ ဂေါ်ဖီ၊ ဂျင်းဥမတို့မှာ အလယ်အလတ်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေသော်လည်း မုံညှင်းမှာမူ ကုန်အဝင်များပြီး ဝယ်လိုအားနည်းခြင်းကြောင့် တစ်ပိဿာလျှင် ၇၀၀ ကျပ်မှ ၁,၀၀၀ ကျပ်အထိ ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း ကုန်သည်များထံမှ သိရသည်။

news-view-count-icon

18