back

တိုင်ဖွန်းမုန်တိုင်း ဘာဗီကြောင့် တရုတ်မြောက်ပိုင်းတွင် ရေကြီးမှုများပြင်းထန်ပြီး ကားလမ်းများနှင့် ယာဉ်များ ရေမြုပ်မျောပါ

Jul 14 • 8:51 AM

breaking-news

China

Local News

cover

တိုင်ဖွန်းမုန်တိုင်း ဘာဗီကြောင့် တရုတ်မြောက်ပိုင်းတွင် ရေကြီးမှုများပြင်းထန်ပြီး ကားလမ်းများနှင့် ယာဉ်များ ရေမြုပ်မျောပါ

တရုတ်နိုင်ငံသို့ ယခုနှစ်အတွင်း အင်အားအပြင်းဆုံး ကုန်းတွင်းဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဘာဗီ (Bavi) ၏ အရှိန်ကြောင့် တရုတ်နိုင်ငံမြောက်ပိုင်း ဟီပေ...

တရုတ်နိုင်ငံသို့ ယခုနှစ်အတွင်း အင်အားအပြင်းဆုံး ကုန်းတွင်းဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဘာဗီ (Bavi) ၏ အရှိန်ကြောင့် တရုတ်နိုင်ငံမြောက်ပိုင်း ဟီပေပြည်နယ်နှင့် အရှေ့မြောက်ပိုင်း လျောင်းနင်းပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာဖြစ်ပွားနေပြီး လမ်းများနှင့် ယာဉ်များ ရေမြုပ်မျောပါလျက်ရှိကြောင်း ဇူလိုင် ၁၃ ရက် သတင်းများအရ သိရသည်။ ဟီပေပြည်နယ် ကူအန်ချင်းခရိုင်တွင် ကားလမ်းများပေါ်၌ ရေအမြင့် ၂ မီတာကျော်အထိ ဖုံးလွှမ်းနေသဖြင့် ပြည်သူများ ရေကူး၍သော်လည်းကောင်း၊ လှေများဖြင့်သော်လည်းကောင်း သွားလာနေကြရပြီး၊ ပြင်းထန်သည့် ရေစီးကြောင်းကြောင့် မော်တော်ယာဉ်များ ရေစီးနှင့်အတူ မျောပါတိုက်မိခြင်းများ ဖြစ်ပေါ်နေကာ ယခုသဘာဝကပ်ဘေးသည် တရုတ်နိုင်ငံ၏ ပြင်းထန်ရာသီဥတု ကိုင်တွယ်နိုင်စွမ်းအပေါ် မှတ်ကျောက်တင်ဖွယ် ဖြစ်လာကြောင်း သိရသည်။

news-view-count-icon

8