ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၏ ကုန်စိမ်းဈေးကွက်တွင် ဇူလိုင် ၁၂ ရက် ဈေးနှုန်းများအရ ကြက်သွန်ဖြူ (တစ်ပိဿာလျှင် ကျပ် ၁၁,၅၀၀ မှ ၂၀,၀၀၀ အထိ)၊ အာလူး (ကျပ် ၄,၅၀၀ မှ ၅,၅၀၀ အထိ)၊ မုံလာဥနီ (ကျပ် ၅,၅၀၀ မှ ၆,၀၀၀ အထိ) နှင့် တညှင်းသီး (ကျပ် ၄,၀၀၀ မှ ၄,၅၀၀ အထိ) တို့မှာ ဈေးကောင်းရရှိနေသဖြင့် စိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက်ရှိသော်လည်း၊ မုံညှင်းမှာမူ အထွက်နှုန်းများပြီး ဝယ်လိုအားမလိုက်နိုင်ခြင်းကြောင့် တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ မှ ၁,၂၀၀ ခန့်သာရရှိကာ ဈေးနှုန်းသိသိသာသာ ထိုးကျလျက်ရှိကြောင်း သိရသည်။ အခြားတစ်ဖက်တွင် ငရုတ်ပွ၊ ဘိုစားပဲ၊ ဂေါ်ဖီ၊ ပန်းပွင့်နှင့် ဂျင်းတို့မှာ ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းအလယ်အလတ်ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး၊ ရှေ့လျှောက် မိုးရာသီကာလ မိုးရွာသွန်းမှု၊ ကုန်စည်ဝင်ရောက်မှုနှင့် ဝယ်လိုအားအခြေအနေများပေါ်မူတည်၍ ဈေးနှုန်းများ ဆက်လက်အတက်အကျ ရှိနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်း ကုန်စိမ်းဈေးကွက်တွင် ကြက်သွန်ဖြူ၊ အာလူး၊ တညှင်းသီးနှင့် မုံလာဥနီ ဈေးကောင်းရနေပြီး မုံညှင်းဈေးနှုန်း ထိုးကျသွား
Jul 14 • 8:50 AM
Myanmar
Shan
Share
| 15 | 0 | 0 | 0 |


