back

ရှမ်းပြည်နယ် အင်းတိန်တွင် မိုးကြီး၍ ရေတက်လာသဖြင့် လယ်မြေ ဧက ၁၀၀ ကျော် ရေနစ်မြုပ်

Jul 14 • 3:12 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ် အင်းတိန်တွင် မိုးကြီး၍ ရေတက်လာသဖြင့် လယ်မြေ ဧက ၁၀၀ ကျော် ရေနစ်မြုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာတွင် ဇူလိုင်လ ၈ ရက်နေ့မှစတင်ကာ မိုးဆက်တိုက်သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇူလိုင် ၁၁ ရက် နံနက်ပိုင်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာတွင် ဇူလိုင်လ ၈ ရက်နေ့မှစတင်ကာ မိုးဆက်တိုက်သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းမှစ၍ ရေများ တရိပ်ရိပ် မြင့်တက်လာကာ ဒေသခံတောင်သူများ၏ လယ်ယာစိုက်ခင်းမြေ ဧက ၁၀၀ ကျော် ရေနစ်မြုပ်ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။အင်းတိန်ကျေးရွာ၏ အရှေ့ဘက်ရှိ ငှက်ပျောတောကျေးရွာဘက်မှ ချောင်းရေများနှင့်အတူ ရေအလုံးအရင်း လျင်မြန်စွာ စီးဝင်လာခြင်းဖြစ်ပြီး ချောင်းဘေးတစ်လျှောက်ရှိ စပါးခင်း၊ မြေပဲခင်းနှင့် အခြားသီးနှံစိုက်ခင်းများ ရေနစ်မြုပ်ခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် တောင်သူများ၏ လယ်ယာမြေများသာမက စီမံကိန်းအဖြစ် ကွင်းဖော်ထားသည့် အမှတ် (၈၅) နှင့် အမှတ် (၈၆) ကွင်းများပါ ရေအောက်သို့ ရောက်ရှိသွားကြောင်း သိရသည်။

news-view-count-icon

30