ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ အုန်းယိုင်ဒေသရှိ ပိတ်စဆေးဆိုးပန်းရိုက်အလုပ်ရုံတစ်ခုမှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာလုပ်သား ၃၈ ဦးသည် ကိုးလနီးပါးအကြာ ဇူလိုင်လ ၁၂ ရက်တွင်မှ နစ်နာကြေးရရှိရန် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။အဆိုပါလုပ်သားများသည် လုပ်သက် ၃ လကျော်မှ နှစ်ပေါင်း ၂၀ ကျော်အထိ ရှိသူများဖြစ်ပြီး နစ်နာကြေးပမာဏ များပြားသဖြင့် အလုပ်ရှင်ဘက်မှ တစ်လတစ်ကြိမ်ဖြင့် ၄ ကြိမ် ခွဲပေးရန် အလုပ်သမားတရားရုံး တရားသူကြီးနှင့် MHAC အဖွဲ့ရှေ့နေများရှေ့မှောက်တွင် လက်မှတ်ရေးထိုး သဘောတူခဲ့ခြင်းဖြစ်သည်။အလုပ်သမားများဘက်မှလည်း ယင်းသို့ ခွဲပေးသည်ကို သဘောတူခဲ့ကြပြီး အလုပ်ရှင်က ထပ်မံတိမ်းရှောင်ပါက ဆက်လက်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၈ ဦး ကိုးလနီးပါးအကြာတွင် နစ်နာကြေးခွဲပေးရန် အလုပ်ရှင်နှင့် သဘောတူညီမှုရရှိ
Jul 14 • 1:45 AM
Thailand
Local News
Share
| 13 | 0 | 0 | 0 |


