သူများ လိုက်လံစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်းသို့ အညစ်အကြေးများ၊ အမှိုက်သရိုက်များနှင့် ညစ်ညမ်းစေသည့် ပစ္စည်းများ စွန့်ပစ်မှုမရှိစေရန်အတွက် ခရိုင်/မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် မြစ်ကြောင်းတစ်လျှောက် မော်တော်ဘုတ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ စစ်ဆေးမှုတွင် သန့်စင်ခန်းများဆောက်လုပ်၍ မြစ်အတွင်း အညစ်အကြေးစွန့်ပစ်မှု အခြေအနေများကို ကြည့်ရှုခဲ့ကြသည့်အပြင်၊ ဧရာဝတီမြစ်ရေ မြင့်တက်လာပါက ရေဝင်ရောက်နိုင်သည့် ရပ်ကွက်များနှင့် စစ်ကိုင်း-မင်းကွန်းလမ်းတွင် မြေထိန်းနံရံ တည်ဆောက်နေမှု အခြေအနေများကိုပါ ကြိုတင်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


