back

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် 4G LTE စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Jul 13 • 12:09 PM

breaking-news

Myanmar

Local

cover

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် 4G LTE စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပြည်သူများ ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခု...

ပြည်သူများ ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် မိုဘိုင်းစခန်း ၉ ခုကို 4G LTE စနစ်သို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာရှိ မိုဘိုင်းစခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ပြီး အဆိုပါပွဲသို့ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

25