back

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

Jul 13 • 12:06 PM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးရွာရန် ရာနှုန်းပြည့်ရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး...

မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးရွာရန် ရာနှုန်းပြည့်ရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်သည့်အပြင် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း မိုးဇလက အသိပေးထားသည်။

news-view-count-icon

24