ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်ခဲ့ရာ တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အပြီးတိုင် ဖြိုချဖျက်ဆီးလျက်ရှိရာ၊ ယမန်နေ့က ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ကိုးထပ်အဆောက်အအုံတစ်လုံးအား စနစ်တကျ မိုင်းခွဲဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း လိမ်လည်မှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချမည့် ၅၇ လုံးနှင့် ဖောက်ခွဲဖျက်ဆီးမည့် အလုံး ၂၀ ဟု ခွဲခြားသတ်မှတ်ကာ စနစ်တကျ ဖျက်ဆီးလျက်ရှိရာ လက်ရှိတွင် ၇၂ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်၍ ဖျက်ဆီးရန် ၅ လုံးသာ ကျန်ရှိတော့ကြောင်း သိရသည်
ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ ၇၂ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကာ ဖျက်ဆီးရန် ၅ လုံးသာ ကျန်ရှိ
Jul 13 • 12:02 PM
Myanmar
Kayin
Share
| 15 | 0 | 0 | 0 |


