back

မွန်ပြည်နယ်တွင် မုတ်သုံလေအားကောင်းမှုကြောင့် ဇူလိုင်လ ၂၀ ရက်အထိ မိုးဆက်လက်ကြီးနိုင်၍ သဘာဝဘေးအန္တရာယ်များ သတိပြုရန် မိုးဇလ သတိပေး

Jul 13 • 10:08 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်တွင် မုတ်သုံလေအားကောင်းမှုကြောင့် ဇူလိုင်လ ၂၀ ရက်အထိ မိုးဆက်လက်ကြီးနိုင်၍ သဘာဝဘေးအန္တရာယ်များ သတိပြုရန် မိုးဇလ သတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မွန်ပြည်နယ်အတွင်း ဇူလိုင်လ ၂၀ ရက်နေ့အထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မွန်ပြည်နယ်အတွင်း ဇူလိုင်လ ၂၀ ရက်နေ့အထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၃ ရက်တွင် သတိပေးနှိုးဆော်လိုက်သည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ချောင်းများအနီး နေထိုင်သူများ ကြိုတင်သတိပြုကြရန် အသိပေးထားပြီး၊ လက်ရှိတွင် မိုးကြီးရေလျှံမှုဒဏ် ကြုံတွေ့နေရသည့် ဘီးလင်းမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းတစ်လျှောက် ကျေးရွာ ၂၀ ကျော်မှ လူဦးရေ ၁,၆၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်း ၉ ခုသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။

news-view-count-icon

9