back

မြန်မာနိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံ၌ ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေး

Jul 13 • 10:07 AM

breaking-news

Myanmar

International

cover

မြန်မာနိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံ၌ ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဇူလိုင် ၁၂ ရက်က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတ...

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဇူလိုင် ၁၂ ရက်က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာလေဟွိုင်ချုံး၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာခရစ်ရှ်နန်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ကာလရှည်ကြာတည်ရှိခဲ့သည့် ချစ်ကြည်ရေးနှင့် အပြန်အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြပြီး၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင်လည်း နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

16