ဂျပန်နိုင်ငံ ပါလီမန်သည် နယ်စပ်ဒေသရှိ ကျွန်းစုများတွင် လူဦးရေလျော့နည်းလာသည့် ပြဿနာကို ဖြေရှင်းရန်နှင့် ခရီးသွားကဏ္ဍမြှင့်တင်ရန်အတွက် လူနေထိုင်ရာ နယ်စပ်ကျွန်းစု ၆ ကျွန်းကို နိုင်ငံတော်ပံ့ပိုးကူညီမှုစာရင်းထဲ ထည့်သွင်းမည့် အထူးစီမံချက်ဥပဒေပြင်ဆင်ချက်ကို အတည်ပြုလိုက်သည်။ ဤဥပဒေသည် ဂျပန်၏ ရေပိုင်နက်နှင့် သီးသန့်စီးပွားရေးဇုန် (EEZ) များကို ထိရောက်စွာ စီမံခန့်ခွဲထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြီး အဆိုပါအထူးဥပဒေ သက်တမ်းကိုလည်း ၂၀၃၇ ခုနှစ် မတ်လအထိ တိုးမြှင့်ခဲ့သည်။ ယခုထည့်သွင်းလိုက်သည့် ကျွန်း ၆ ခုမှာ ဟော့ကိုင်းဒိုးရှိ တီအူရီ (Teuri) နှင့် ယာဂီရှီရီ (Yagishiri)၊ ယာမာဂါတာရှိ တိုဘီရှီးမား (Tobishima)၊ နီဂါတာရှိ အာဝါရှီးမား (Awashima) နှင့် တိုကျိုစီရင်စုအောက်ရှိ နီအီဂျီးမား (Niijima) နှင့် ရှီကီနီဂျီးမား (Shikinejima) တို့ ဖြစ်ကြပြီး သက်ဆိုင်ရာ စီရင်စုအစိုးရများအနေဖြင့် ထိုကျွန်းများပေါ်တွင် လူဦးရေ ပြန်လည်များပြားလာစေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်သွားရမည် ဖြစ်သည်။
ဂျပန်နိုင်ငံက နယ်စပ်ကျွန်းစု ၆ ကျွန်းတွင် လူနေထိုင်မှုမြှင့်တင်ရန်နှင့် လုံခြုံရေးတိုးမြှင့်ရန် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်း
Jul 13 • 4:12 AM
Japan
Local News
Share
| 9 | 0 | 0 | 0 |


