ပဲခူးမြို့တွင် မနေ့ညက မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းနေရာအချို့တွင် ရေတင်မှုများ ဖြစ်ပွားခဲ့ရာ ပဲခူးမြစ်ရေ တက်လာခြင်းဖြစ်သည်ဟု ထင်မှတ်ကာ မြို့ခံများအကြား စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။ လက်တွေ့တွင် မြစ်ရေတက်ခြင်းမဟုတ်ဘဲ မိုးရွာသွန်းမှုကြောင့် ရေမြောင်းများ ပိတ်ဆို့ကာ ရေဆင်းရန် ခက်ခဲပြီး လမ်းများနှင့် နေအိမ်၊ ခြံဝင်းများအတွင်းသို့ မိုးရေများ လျင်မြန်စွာ စိမ့်ဝင်လာခြင်း ဖြစ်သည်။အဆိုပါ မိုးရေတင်မှုကြောင့် မှော်ကန်ရပ်ကွက်အပါအဝင် ရပ်ကွက်အချို့ရှိ နေအိမ်များမှ ပြည်သူအချို့သည် အမြင့်ပိုင်း ဧရိယာများသို့ ညတွင်းချင်း ရွှေ့ပြောင်းခဲ့ကြရသည်။ လက်ရှိတွင် မိုးပါးသွားသဖြင့် ရေများ ပြန်လည်ကျဆင်းသွားကာ ပိတ်ဆို့နေသည့် မြောင်းများကို ပြန်လည်ဖော်ထုတ်နေကြပြီ ဖြစ်သည်။ပဲခူးမြစ်ရေသည် လက်ရှိတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၂ ပေကျော် လိုအပ်နေသေးသော်လည်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရေတက်နှုန်း မြန်ဆန်ခဲ့သဖြင့် သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း မိုးလေဝသကျွမ်းကျင်သူများက သတိပေးထားသည်။ မြို့ခံလူမှုကူညီရေးအသင်းအဖွဲ့များကလည်း အဆင်သင့် စောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။
ပဲခူး၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေမြောင်းများပိတ်ဆို့ကာ ရပ်ကွက်အချို့ ညတွင်းချင်း ရေတင်မှုများဖြစ်ပွားခဲ့
Jul 13 • 3:41 AM
Myanmar
Bago
Share
| 18 | 0 | 0 | 0 |


